
Zawgyi








Unicode

မိခင်ဖြစ်သူမှ ကျန်းမာရေးမကောင်းတဲ့ (၁၀)နှစ်သမီးလေးကို ဆေးရုံလိုက်ပို့ပြီး မသင်္ကာဖြစ်နေ၍ မေးမြန်းရာမှ… See more

မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ ဇေယျာသီရိ(၃)ရပ်ကွက်၊ မ….. အသက်(၁၀)နှစ်၊ (ဘ)ဦးသန်းအောင်၊ တတိယတန်းကျောင်းသူသည် ယမန်နေ့(၂၂:၃၀)အချိန် တစ်ဦးတည်း အိပ်ယာဝင်ခဲ့ပြီး

မိခင်ဖြစ်သူနှင့် ပထွေးဖြစ်သူ ဦးမောင်ညွန့်(၅၈)နှစ်၊ (ဘ)ဦးထွန်းရှိန်တို့ မှာ အိပ်ယာဝင်ခဲ့ကြောင်း၊ မနက်မိုးလင်ချိန် ဒေါ်……သည် အိပ်ယာမှထစဉ် သမီးဖြစ်သူ မ…..၏ မိန်းမကိုယ်မှ

သွေးများ ထွက်နေသည်ကိုတွေ့ရှိရသဖြင့် ဆေးရုံသို့သွားရောက်ကာဆေးကုသမှု ခံယူခဲ့ရာ မသက်သာသဖြင့် ခွဲစိတ်ကုသမှုခံယူခဲ့ရကြောင်း သိရသည်။သမီးဖြစ်သူ ကျန်းမာရေးကောင်းမွန်လာသော အချိန်တွင်

မိခင် ဖြစ်သူမှ မ…..အား ဒဏ်ရာနှင့်ပတ်သက်၍ မေးမြန်းရာ ပထွေးဖြစ်သူ ဦးမောင်ညွန့်မှ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း ပြောပြ သိရှိရသဖြင့် သမီးဖြစ်သူအား

သားမယားအဖြစ်ပြုကျင့်ခဲ့သူ ဦးမောင်ညွန့် အားအရေး ယူပေးရန် မိခင်ဖြစ်သူ ဒေါ်…..မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် မြိတ်မြို့မရဲစခန်း(ပ)၁၇၀၀/ ၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် ဖွင့်လှစ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြိတ်ခရိုင်သတင်းနှင့်မှုခင်းမီဒီယာ

Be the first to comment

Leave a Reply

Your email address will not be published.


*