ဇနီးဖြစ်သူမှ ဟင်းရှာသွားနေစဉ် တတိယ ခင်ပွန်းက သမီးဖြစ်သူ အိပ်ခန်းအတွင်းဝင်ရောက်ပြီး မအော်နဲ့ပြောကာ… See more
Zawgyi
Aung Zaw Min Tun
Unicode
ဇနီးဖြစ်သူမှ ဟင်းရှာသွားနေစဉ် တတိယ ခင်ပွန်းက သမီးဖြစ်သူ အိပ်ခန်းအတွင်းဝင်ရောက်ကာ မအော်နဲ့ပြောပြီး… See more
ပြီးခဲ့တဲ့ ညနေ ၃ နာရီခွဲ အချိန်ခန့်တွင် တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းမြို့ နယ် ရွှေပြည်စိုးကျေးရွာအုပ်စု ချောင်းဝကျေးရွာနေ ဒေါ်တင်တင်ဝင်းသည် နေအိမ်မှပင်လယ်ပြင်သို့
ခရုကောက်ရန်ထွက်ခွာ သွားစဉ် နေအိမ်၌ တတိယယောက်ကျားဖြစ်သူ စောလယ်ထူး (၃၉)နှစ် (ဘ)ဦးမောင်၊ ပထမအိမ်ထောင်နှင့်ရသောသမီး မ—– နှင့်
ဒုတိယအိမ်ထောင်နှင့်ရသော သား ပြည့်စုံဦး၊ သမီးဇင်မျိုးမြင့် တို့ နေအိမ်တွင်ကျန်နေခဲ့ကြောင်း သိသည်။အဆိုပါနေ့ ညနေ ၄ နာရီ အချိန်ခန့် နှင့် ၅ နာရီ အချိန်ခန့်တို့တွင် စောလယ်ထူး မှသမီးဖြစ်သူ မ —— ၏ အိပ်ခန်းအတွင်းဝင်ရောက်ကာ
သားမယားအဖြစ် ပြုကျင့်ရန် နှစ်ကြိမ်ခန့် ဆောင်ရွက်ခဲ့သဖြင့် နေအိမ်အပြင်ဘက် ဘုန်းကြီးကျောင်းအနီး ထွက်ပြေးကာ ထိုင်နေစဉ် စောလယ်ထူး သည်နောက်မှ လိုက်လာပြီး မ ——- အား လည်ပင်းညှစ်၍ လက်သီးဖြင့် ထပ်မံထိုးခဲ့ကြောင်းသမီးဖြစ်သူမှ
ပြောပြသိရှိရသည်။ဒေါ်တင်တင်ဝင်းမှ ၎င်း၏သမီးဖြစ်သူ မ ——- အား သားမယားအဖြစ် ပြုကျင့်ရန် ဆောင်ရွက်ခဲ့သူ စောလယ်ထူး အား အရေးယူပေးနိုင်ပါရန်
တိုင်တန်းချက်အရ ကော့သောင်းရဲစခန်း (ပ)၁၁၃၂ /၂၀၂၂ ရာဇသတ်ကြီးပုဒ်မ ၃၇၆/ ၅၁၁ /၃၂၃ အရ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ပြီး ပြစ်မှုကျုး လွန်သူ စောလယ်ထူး အားလည်း အမှုဖြင့် ဖမ်းဆီး စစ်ဆေးလျှက်ရှိကြောင်း သိရှိရပါသည်။
Aung Zaw Min Tun
Be the first to comment
Leave a Reply
Your email address will not be published.
*