ခင္ပြန္းျဖစ္သူ ထိုင္းႏိုင္ငံသို႔ အလုပ္သြားလုပ္မည္ကို မလိုက္ရသျဖင့္ ဇနီးျဖစ္သူမွ စိတ္ဆိုးကာ… See more

Zawgyi

ခင္ပြန္းျဖစ္သူ ထိုင္းႏိုင္ငံသို႔ အလုပ္သြားလုပ္မည္ကို မလိုက္ရသျဖင့္ ဇနီးျဖစ္သူမွ စိတ္ဆိုးကာ… See more

မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္၊ က်ိဳကၠသာေက်းရြာတြင္ ထိုင္းႏိုင္ငံသို႔ အလုပ္သြားလုပ္မည့္ ေယာ က်္ားျဖစ္သူက ၎ကို မေခၚျခင္းေၾကာင့္ဟုဆိုကာ ဇနီးျဖစ္သူမွာ ႀကိဳးဆြဲခ်ေသဆံုးခဲ့ေၾကာင္း

သိရွိရသည္။က်ိဳကၠသာေက်းရြာတြင္ အမ်ိဳးသမီးတစ္ဦးႀကိဳးဆြဲခ်ေသဆံုးေနေၾကာင္းသတင္းအရ က်ိဳက္ထိုၿမိဳ႕မရဲစခန္းမွ တာ ဝန္ရွိသူမ်ား သြားေရာက္စစ္ေဆးရာ မေငြေက်ာ့(ခ)ရတနာ(ခ)ေမေလး(၁၈)ႏွစ္မွာ ေနအိမ္မီးဖိုခန္းထုပ္တန္း၌

သြပ္ႀကိဳးျဖင့္ ႀကိဳးဆြဲခ်အေနအထားအတိုင္း ေသဆံုးေနသည္ကို ေတြ႔ရွိရေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။“သူတို႔လင္မယားႏွစ္ေယာက္က ေယာက်ၤားျဖစ္တဲ့သူက ရြာမွာ အလုပ္အကိုင္အဆင္မေျပလို႔ ထိုင္းကို အလုပ္လုပ္သြားမယ္။ သူ႔မိန္းမကို မလိုက္ခဲ့နဲ႔ဦး၊

ဟိုေရာက္လို႔ ေနရာအတည္တက်ျဖစ္ၿပီး အလုပ္အ ကိုင္အဆင္ေျပရင္လွမ္းေခၚမယ္လို႔ သူ႔မိန္းမကိုေျပာတာ။ သူ႔မိန္းမက သူလည္းလိုက္မယ္လို႔ေျပာတာ ေယာ က်္ားက မေခၚလို႔ဆိုၿပီး စိတ္ဆိုးသြားတဲ့အေနအထားျဖစ္မယ္။”ဟု

က်ိဳက္ထိုၿမိဳ႕မရဲစခန္းမွ ရဲအုပ္ေဇာ္မ်ိဳးလြင္က ေျပာသည္။ယမန္ညပိုင္းက ေယာက်ၤားျဖစ္သူ ရွိန္းထက္ဦး(၁၉)ႏွစ္သည္ ဇနီးႏွင့္ ထိုင္းႏိုင္ငံသို႔အလုပ္သြားလုပ္မည့္ ကိစၥႏွင့္ပတ္သက္၍ စကားေျပာဆိုၿပီးေနာက္

နံနက္ပိုင္းတြင္ ဇနီးမွာ ႀကိဳးဆြဲခ်ေသဆံုးမႈျဖစ္ပြားခဲ့ ျခင္းျဖစ္ေၾကာင္း သိရသည္။“သူတို႔ႏွစ္ေယာက္က အဲဒီကိစၥနဲ႔ပတ္သက္ၿပီး စကားမ်ားရန္ျဖစ္တာေတာ့မရွိခဲ့ဘူး။ ညဖက္အိပ္ၾကၿပီး မနက္လို က်ေတာ့ အိပ္ရာမွာ သူ႔မိန္းမကိုမေတြ႔တာနဲ႔ လိုက္ရွာတာ။ ေနအိမ္မီးဖိုခန္းမွာ

ႀကိဳးဆြဲခ်ေသဆံုးေနတာကိုေတြ႔ တယ္လို႔သူေယာက်္ားကေျပာတယ္။”ဟု ရဲအုပ္ေဇာ္မ်ိဳးလြင္ကေျပာသည္။ျဖစ္စဥ္ႏွင့္ပတ္သက္၍ က်ိဳက္ထိုၿမိဳ႕မရဲစခန္းမွ အမႈဖြင့္လွစ္ထားၿပီး ဓမၼ တာအတိုင္းေသဆံုးျခင္း ဟုတ္၊ မဟုတ္ ဆက္လက္စစ္ေဆးေနေၾကာင္း သိရသည္။

ရတနာပုံ သတင္းစာ

Unicode

ခင်ပွန်းဖြစ်သူ ထိုင်းနိုင်ငံသို့ အလုပ်သွားလုပ်မည်ကို မလိုက်ရသဖြင့် ဇနီးဖြစ်သူမှ စိတ်ဆိုးကာ… See more

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာကျေးရွာတွင် ထိုင်းနိုင်ငံသို့ အလုပ်သွားလုပ်မည့် ယော ကျ်ားဖြစ်သူက ၎င်းကို မခေါ်ခြင်းကြောင့်ဟုဆိုကာ ဇနီးဖြစ်သူမှာ ကြိုးဆွဲချသေဆုံးခဲ့ကြောင်း

သိရှိရသည်။ကျိုက္ကသာကျေးရွာတွင် အမျိုးသမီးတစ်ဦးကြိုးဆွဲချသေဆုံးနေကြောင်းသတင်းအရ ကျိုက်ထိုမြို့မရဲစခန်းမှ တာ ဝန်ရှိသူများ သွားရောက်စစ်ဆေးရာ မငွေကျော့(ခ)ရတနာ(ခ)မေလေး(၁၈)နှစ်မှာ နေအိမ်မီးဖိုခန်းထုပ်တန်း၌

သွပ်ကြိုးဖြင့် ကြိုးဆွဲချအနေအထားအတိုင်း သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ရဲမှတ်တမ်းအရ သိရသည်။“သူတို့လင်မယားနှစ်ယောက်က ယောင်္ကျားဖြစ်တဲ့သူက ရွာမှာ အလုပ်အကိုင်အဆင်မပြေလို့ ထိုင်းကို အလုပ်လုပ်သွားမယ်။ သူ့မိန်းမကို မလိုက်ခဲ့နဲ့ဦး၊

ဟိုရောက်လို့ နေရာအတည်တကျဖြစ်ပြီး အလုပ်အ ကိုင်အဆင်ပြေရင်လှမ်းခေါ်မယ်လို့ သူ့မိန်းမကိုပြောတာ။ သူ့မိန်းမက သူလည်းလိုက်မယ်လို့ပြောတာ ယော ကျ်ားက မခေါ်လို့ဆိုပြီး စိတ်ဆိုးသွားတဲ့အနေအထားဖြစ်မယ်။”ဟု

ကျိုက်ထိုမြို့မရဲစခန်းမှ ရဲအုပ်ဇော်မျိုးလွင်က ပြောသည်။ယမန်ညပိုင်းက ယောင်္ကျားဖြစ်သူ ရှိန်းထက်ဦး(၁၉)နှစ်သည် ဇနီးနှင့် ထိုင်းနိုင်ငံသို့အလုပ်သွားလုပ်မည့် ကိစ္စနှင့်ပတ်သက်၍ စကားပြောဆိုပြီးနောက်

နံနက်ပိုင်းတွင် ဇနီးမှာ ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။“သူတို့နှစ်ယောက်က အဲဒီကိစ္စနဲ့ပတ်သက်ပြီး စကားများရန်ဖြစ်တာတော့မရှိခဲ့ဘူး။ ညဖက်အိပ်ကြပြီး မနက်လို ကျတော့ အိပ်ရာမှာ သူ့မိန်းမကိုမတွေ့တာနဲ့ လိုက်ရှာတာ။ နေအိမ်မီးဖိုခန်းမှာ

ကြိုးဆွဲချသေဆုံးနေတာကိုတွေ့ တယ်လို့သူယောကျ်ားကပြောတယ်။”ဟု ရဲအုပ်ဇော်မျိုးလွင်ကပြောသည်။ဖြစ်စဉ်နှင့်ပတ်သက်၍ ကျိုက်ထိုမြို့မရဲစခန်းမှ အမှုဖွင့်လှစ်ထားပြီး ဓမ္မ တာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

ရတနာပုံ သတင်းစာ

Be the first to comment

Leave a Reply

Your email address will not be published.


*