
Zawgyi







ဆီမီးခုံ-နန်းရီ

Unicode

ချစ်သူရည်းစားနှစ်ဦး ယူတော့မယ့်အချိန်တွင် နှစ်ဖက်မိဘများမှ သဘောမတူသဖြင့် မိန်းကလေးဖြစ်သူမှ… See more

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ချစ်သူရည်းစားနှင့်အဆင်မပြေ၍ အမျိုးသမီးငယ်တစ်ဦး အဆိပ်သောက်ရာမှသေဆုံးမှု ဖြစ်ပွါးကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

ဖြစ်စဉ်မှာ ဗန်းမော်မြို့ သာစည်ရပ်ကွက်၊ဒေသအခေါ် ( ဟင်းခြံ )နေ အသက် ( ၁၉)နှစ်ရှိ (၁၀)တန်းကျောင်သူမှာ ယမန်နေ့ ညနေ ၆ နာရီ ခွဲခန့်က ၎င်း၏နေအိမ်တွင် မြက် ပေါင်းသတ်ဆေး သောက်မိခဲ့သဖြင့်

ဗန်းမော်ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ကုသခဲ့သော်လည်း မြက်ပေါင်းသတ်ဆေး များပြားစွာသောက် မိခဲ့သဖြင့် ယနေ့ နံနက် ၅ နာရီခွဲတွင် သေဆုံးခဲ့ကြောင်း သိရသည်။

” ကောင်လေးနဲ့ ကောင်မလေးက မေတ္တာမျှနေကြတာ ကြာပြီး သူတို့နှစ်ဦးရဲ့ နှစ်ဖက် မိဘတွေကြား မပြေလည်မှုလေးတွေ့ကြောင့် အဆိပ့်သောက်လိုက်တာ” ဟု ပတ်ဝန်းကျင်နေသူ တစ်ချို့ ထံမှ သိရသည်။

သေဆုံးသူအလောင်းအား ယနေ့ မွန်းလွဲ ၁ နာရီ ခန့် တွင်ကြက်ပေါင်ခြံသုဿန်သို့ ပို့ဆောင် မီးသဂြိုလ်ခဲ့ကြောင်း ကနဦးသတင်းရရှိသည်။

ဆီမီးခုံ-နန်းရီ

Be the first to comment

Leave a Reply

Your email address will not be published.


*