သူငယ္ခ်င္းနွစ္ဦး သီခ်င္းအဆိုၿပိဳင္ၾကစဥ္ “သူကပိုေကာင္းတယ္၊ကိုယ္ကပိုေကာင္းတယ္” ဟု အျငင္းပြားၾကရာမွ… See more

Zawgyi

သူငယ္ခ်င္းနွစ္ဦး သီခ်င္းအဆိုၿပိဳင္ၾကစဥ္ “သူကပိုေကာင္းတယ္၊ကိုယ္ကပိုေကာင္းတယ္” ဟု အျငင္းပြားၾကရာမွ… See more

ပဲခူးတိုင္းေဒသႀကီး ေရတာရွည္ၿမိဳ႕နယ္ဆြာနယ္ေျမရဲစခန္းအပိုင္ အေနာက္ ၂၄ မိုင္ခန္႔အကြာ ဆံေတာ္ပို႔ေက်းရြာ အုပ္စု ဇဝင္းေက်းရြာတြင္ တစ္ရပ္ တည္းေန မီးေသြးဖုတ္လုပ္သား အခ်င္းခ်င္း သီခ်င္းဆိုၿပိဳင္ၾကရာက

စကားမ်ား ရန္ျဖစ္ၿပီး လူသတ္မႈျဖစ္ပြားခဲ့ရာ (သတင္းေဖာ္ျပၿပီး)ျပစ္မႈက်ဴးလြန္ၿပီး ထြက္ေျပးတိမ္းေရွာင္ေနသူအား နံနက္ ၉ နာရီ၄၅ မိနစ္ခန္႔ သာဂရ-ကိုးပင္႐ိုးမျဖတ္ေက်ာ္ကားလမ္း မိုင္(၄ဝ)ေက်းရြာ၌

ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။အမႈမွာ ဧၿပီ လြန္ခဲ့တဲ့ရက္ ည ၉ နာရီခန္႔ တြင္ ဇဝင္းေက်းရြာေန ခ်စ္ကိုလတ္(ခ)ခ်စ္ကို(၄၂ ႏွစ္)၏ ေနအိမ္၌ မီးေသြး ဖုတ္ရင္း အသိမိတ္ေဆြျဖစ္ခဲ့ၾကေသာ

အရွည္ႀကီး(ခ) ေဇာ္မင္းထိုက္(ခ)ေမာင္ထိုက္(၄ဝ ႏွစ္ )ၾကြယ္ဂံေက်းရြာ အုတ္တြင္းၿမိဳ႕နယ္ေနသူ ေရာက္ရွိလာၿပီး အရက္အတူတူေသာက္ခဲ့ၾကေၾကာင္း၊ အရက္မူးလာသည့္အခါ သီခ်င္းအဆိုၿပိဳင္ၾကရာမွ

သူကပိုေကာင္း တယ္ ကိုယ္ကပိုေကာင္းတယ္ဟု အျငင္းပြား ရန္ျဖစ္ခဲ့ၿပီးေနာက္ အရွည္ႀကီး(ခ)ေဇာ္မင္းထိုက္(ခ) ေမာင္ထိုက္က လြယ္အိတ္ထဲတြင္ အသင့္ပါလာေသာ ဓားျဖင့္ထုိးခဲ့ျခင္း ျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္၍

ဆြာ နယ္ေျမရဲစခန္းက အမႈဖြင့္အေရးယူ ေဆာင္ရြက္လ်က္ရွိသည္။ျပစ္မႈက်ဴးလြန္သူမွာ ထြက္ေျပး တိမ္းေရွာင္ေန၍ ရဲတပ္ဖြဲ႕က အဖြဲ႕မ်ား ခြဲ၍ ပိတ္ဆို႔ရွာေဖြစဥ္ မိုင္ (၄ဝ)သို႔ ေရာက္ရွိခဲ့ၿပီး ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။

ကိုလြင္(ဆြာ)

Unicode

သူငယ်ချင်းနှစ်ဦး သီချင်းအဆိုပြိုင်ကြစဉ် “သူကပိုကောင်းတယ်၊ကိုယ်ကပိုကောင်းတယ်” ဟု အငြင်းပွားကြရာမှ… See more

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်ဆွာနယ်မြေရဲစခန်းအပိုင် အနောက် ၂၄ မိုင်ခန့်အကွာ ဆံတော်ပို့ကျေးရွာ အုပ်စု ဇဝင်းကျေးရွာတွင် တစ်ရပ် တည်းနေ မီးသွေးဖုတ်လုပ်သား အချင်းချင်း သီချင်းဆိုပြိုင်ကြရာက

စကားများ ရန်ဖြစ်ပြီး လူသတ်မှုဖြစ်ပွားခဲ့ရာ (သတင်းဖော်ပြပြီး)ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသူအား နံနက် ၉ နာရီ၄၅ မိနစ်ခန့် သာဂရ-ကိုးပင်ရိုးမဖြတ်ကျော်ကားလမ်း မိုင်(၄ဝ)ကျေးရွာ၌

ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။အမှုမှာ ဧပြီ လွန်ခဲ့တဲ့ရက် ည ၉ နာရီခန့် တွင် ဇဝင်းကျေးရွာနေ ချစ်ကိုလတ်(ခ)ချစ်ကို(၄၂ နှစ်)၏ နေအိမ်၌ မီးသွေး ဖုတ်ရင်း အသိမိတ်ဆွေဖြစ်ခဲ့ကြသော

အရှည်ကြီး(ခ) ဇော်မင်းထိုက်(ခ)မောင်ထိုက်(၄ဝ နှစ် )ကြွယ်ဂံကျေးရွာ အုတ်တွင်းမြို့နယ်နေသူ ရောက်ရှိလာပြီး အရက်အတူတူသောက်ခဲ့ကြကြောင်း၊ အရက်မူးလာသည့်အခါ သီချင်းအဆိုပြိုင်ကြရာမှ

သူကပိုကောင်း တယ် ကိုယ်ကပိုကောင်းတယ်ဟု အငြင်းပွား ရန်ဖြစ်ခဲ့ပြီးနောက် အရှည်ကြီး(ခ)ဇော်မင်းထိုက်(ခ) မောင်ထိုက်က လွယ်အိတ်ထဲတွင် အသင့်ပါလာသော ဓားဖြင့်ထိုးခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်၍

ဆွာ နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိသည်။ပြစ်မှုကျူးလွန်သူမှာ ထွက်ပြေး တိမ်းရှောင်နေ၍ ရဲတပ်ဖွဲ့က အဖွဲ့များ ခွဲ၍ ပိတ်ဆို့ရှာဖွေစဉ် မိုင် (၄ဝ)သို့ ရောက်ရှိခဲ့ပြီး ဖမ်းဆီးရမိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ကိုလွင်(ဆွာ)

Be the first to comment

Leave a Reply

Your email address will not be published.


*