မိခင္ျဖစ္သူေနအိမ္မွ ဆင္းသြားသျဖင့္ သမီးျဖစ္သူမွ လိုက္လံရွာေဖြရာ ေတြ႕ရွိခဲ့ေပမယ့္ အျဖစ္ဆိုးနဲ႔ႀကဳံခဲ့ရ

Zawgyi

မိခင္ျဖစ္သူေနအိမ္မွ ဆင္းသြားသျဖင့္ သမီးျဖစ္သူမွ လိုက္လံရွာေဖြရာ ေတြ႕ရွိခဲ့ေပမယ့္ အျဖစ္ဆိုးနဲ႔ႀကဳံခဲ့ရ

ပဲခူးတိုင္းေဒသႀကီး ေဝါၿမိဳ႕နယ္ ဧကရဇ္ေက်း႐ြာတြင္ ယမန္ေန႔ ည (၇) နာရီအခ်ိန္ခန္႔က မိခင္ျဖစ္သူအား သြားေရာက္ေခၚယူသည့္ သမီးျဖစ္သူမွာ ေနအိမ္သို႔အျပန္အေဖာ္အျဖစ္လိုက္ပါလာသူက

အဓမၼျပဳက်င္ခဲ့၍ ၿမိဳ႕မရဲစခန္း၌ အမႈဖြင့္ တိုင္ၾကားထားေၾကာင္း သိရပါသည္။ျဖစ္စဥ္မွာ ယမန္ေန႔ ညေန (၅) နာရီအခ်ိန္ ခန္႔က ဧကရဇ္ေက်း႐ြာေနအသက္ (၁၈) ႏွစ္အ႐ြယ္ရွိမ………မွာ မိခင္ျဖစ္သူေနအိမ္မွ ဆင္းသြားသျဖင့္

တစ္႐ြာတည္းေန ဦးေအာင္ခ်စ္(ဘ)ဦးၾကည္ ၊ ဆိုင္ကယ္ကယ္ရီေမာင္းသမားဦးဝင္းႏိုင္တို႔ႏွင့္အတူ မိခင္ျဖစ္သူအား ဆိုင္ကယ္ျဖင့္ လိုက္လံရွာေဖြစဥ္ ညဦးပိုင္း (၆)နာရီေက်ာ္ အခ်ိန္ခန္႔၌ ေနာင္ပတၱရာေက်း႐ြာ ေဇာင္းတူ တူးေျမာင္းလူသြားလမ္းေပၚတြင္ ေတြ႕ရွိသျဖင့္

ျပန္လည္ေခၚေဆာင္ခဲ့ေၾကာင္း မိခင္ျဖစ္သူမွ ေနအိမ္သို႔ျပန္မလိုက္သျဖင့္ ဆိုင္ကယ္ကယ္ရီသမားဦးဝင္းႏိုင္အား ျပန္လႊတ္လိုက္ၿပီး မ……..မွာ အေဖာ္အျဖစ္လိုက္ေပးသူ ဦးေအာင္ခ်စ္ႏွင့္ အတူေနအိမ္သို႔ျပန္လာခဲ့ရာ ဦးေအာင္ခ်စ္က မ……….အား ေဇာင္းတူ ဆည္ေျမာင္းေဘးအနီးရွိ ကိုင္းေတာထဲသို႔

အတင္းဆြဲေခၚကာပါးစပ္ပိတ္၍ သားမယားအျဖစ္ ႏွစ္ႀကိမ္ျပဳက်င့္ခဲ့ေၾကာင္း ၿမိဳ႕မရဲစခန္း၏ ရဲမွတ္တမ္းမ်ား အရသိရသည္။၎ျဖစ္စဥ္ႏွင့္ ပက္သက္၍ မိမိအား အလိုမတူဘဲ သားမယားအျဖစ္ ျပဳက်င့္ခဲ့သူ ဧကရာဇ္ေက်း႐ြာေနဦးေအာင္ခ်စ္(ဘ)ဦးၾကည္၊

အသက္ (၅၃)ႏွစ္အား အမႈဖြင့္ အေရးယူေပးပါရန္မ…….က တရားလိုျပဳလုပ္ တိုင္တန္းသျဖင့္ ေဝါၿမိဳ႕မရဲစခန္းမွအမႈဖြင့္ လွစ္ထားၿပီး အမႈႏွင့္ ပတ္သက္သည့္ ဦးေအာင္ခ်စ္အား ဖမ္းဆီးရမိထားေၾကာင္း ဆက္လက္သိရွိရသည္။

Admin -Nyo Gyi

Unicode

မိခင်ဖြစ်သူနေအိမ်မှ ဆင်းသွားသဖြင့် သမီးဖြစ်သူမှ လိုက်လံရှာဖွေရာ တွေ့ရှိခဲ့ပေမယ့် အဖြစ်ဆိုးနဲ့ကြုံခဲ့ရ

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ဧကရဇ်ကျေးရွာတွင် ယမန်နေ့ ည (၇) နာရီအချိန်ခန့်က မိခင်ဖြစ်သူအား သွားရောက်ခေါ်ယူသည့် သမီးဖြစ်သူမှာ နေအိမ်သို့အပြန်အဖော်အဖြစ်လိုက်ပါလာသူက

အဓမ္မပြုကျင်ခဲ့၍ မြို့မရဲစခန်း၌ အမှုဖွင့် တိုင်ကြားထားကြောင်း သိရပါသည်။ဖြစ်စဉ်မှာ ယမန်နေ့ ညနေ (၅) နာရီအချိန် ခန့်က ဧကရဇ်ကျေးရွာနေအသက် (၁၈) နှစ်အရွယ်ရှိမ………မှာ မိခင်ဖြစ်သူနေအိမ်မှ ဆင်းသွားသဖြင့်

တစ်ရွာတည်းနေ ဦးအောင်ချစ်(ဘ)ဦးကြည် ၊ ဆိုင်ကယ်ကယ်ရီမောင်းသမားဦးဝင်းနိုင်တို့နှင့်အတူ မိခင်ဖြစ်သူအား ဆိုင်ကယ်ဖြင့် လိုက်လံရှာဖွေစဉ် ညဦးပိုင်း (၆)နာရီကျော် အချိန်ခန့်၌ နောင်ပတ္တရာကျေးရွာ ဇောင်းတူ တူးမြောင်းလူသွားလမ်းပေါ်တွင် တွေ့ရှိသဖြင့်

ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း မိခင်ဖြစ်သူမှ နေအိမ်သို့ပြန်မလိုက်သဖြင့် ဆိုင်ကယ်ကယ်ရီသမားဦးဝင်းနိုင်အား ပြန်လွှတ်လိုက်ပြီး မ……..မှာ အဖော်အဖြစ်လိုက်ပေးသူ ဦးအောင်ချစ်နှင့် အတူနေအိမ်သို့ပြန်လာခဲ့ရာ ဦးအောင်ချစ်က မ……….အား ဇောင်းတူ ဆည်မြောင်းဘေးအနီးရှိ ကိုင်းတောထဲသို့

အတင်းဆွဲခေါ်ကာပါးစပ်ပိတ်၍ သားမယားအဖြစ် နှစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း မြို့မရဲစခန်း၏ ရဲမှတ်တမ်းများ အရသိရသည်။၎င်းဖြစ်စဉ်နှင့် ပက်သက်၍ မိမိအား အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သူ ဧကရာဇ်ကျေးရွာနေဦးအောင်ချစ်(ဘ)ဦးကြည်၊

အသက် (၅၃)နှစ်အား အမှုဖွင့် အရေးယူပေးပါရန်မ…….က တရားလိုပြုလုပ် တိုင်တန်းသဖြင့် ဝေါမြို့မရဲစခန်းမှအမှုဖွင့် လှစ်ထားပြီး အမှုနှင့် ပတ်သက်သည့် ဦးအောင်ချစ်အား ဖမ်းဆီးရမိထားကြောင်း ဆက်လက်သိရှိရသည်။

Admin -Nyo Gyi

Be the first to comment

Leave a Reply

Your email address will not be published.


*