စိတ္မႏွံ႔သူ (၁၇)ႏွစ္အရြယ္ သမီးျဖစ္သူမွာ ရင္သားမ်ားၾကီးထြားလာသျဖင့္ မိခင္ျဖစ္သူမွ မသကၤာ၍ ေမးျမန္းရာမွ… See more

Zawgyi

စိတ္မႏွံ႔သူ (၁၇)ႏွစ္အရြယ္ သမီးျဖစ္သူမွာ ရင္သားမ်ားၾကီးထြားလာသျဖင့္ မိခင္ျဖစ္သူမွ မသကၤာ၍ ေမးျမန္းရာမွ… See more

ဧရာဝတီတိုင္းေဒသႀကီး က်ံဳေပ်ာ္ၿမိဳ႕နယ္၊ အင္းတေရာ္ေက်းရြာအုပ္စု၊ ကြမ္းၿခံကုန္း ေက်းရြာတြင္ ၁၇ႏွစ္အရြယ္ စိတ္မႏွံ႔သူ မိန္းကေလးငယ္အား အသက္ ၅၆ႏွစ္အရြယ္ရွိ ေယာက္်ားတဦးက အလိုမတူဘဲ သားမယားျပဳက်င့္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ က်ံဳေပ်ာ္ၿမိဳ႕နယ္၊ အင္းတေရာ္ေက်းရြာအုပ္စု၊ ကြမ္းၿခံကုန္း ေက်းရြာေန ေဒၚေဌးၾကည္သည္ ေနအိမ္၌ရွိေနစဥ္ သမီးျဖစ္သူ မၾကည္ျပာစိုး (စိတ္ေပါ့သြပ္သူ) (၁၇)ႏွစ္သည္

၄င္းအား ထြန္းသိန္း(၅၆)ႏွစ္၊(ဘ)ဦးအစံ ၏ ငါးကန္ေဘးေတာထဲသို႔ ဟင္းရြက္ခူးသြားစဥ္ ထြန္းသိန္းမွ ငါးကန္ေဘးေတာထဲသို႔ ဆြဲေခၚသြားကာ သားမယားအျဖစ္ျပဳက်င့္ခဲ့ေၾကာင္း၊

တစ္ပတ္ခန္႔အၾကာတြင္ မၾကည္ျပာစိုးသည္ တစ္ရြာထဲေန အေဒၚျဖစ္သူ ေဒၚတင္၀င္း၏ေနအိမ္သို႔ အလည္သြားစဥ္ ပလႅင္အမကေက်ာင္းအနီး အေရာက္တြင္ ထြန္းသိန္းမွ အ.မ.က ေက်ာင္း အေနာက္ဘက္ရွိျခံဳထဲသို႔ဆြဲေခၚသြားၿပီး

သားမယားအျဖစ္ ထပ္မံျပဳက်င့္ခဲ့ေၾကာင္း ေျပာျပသိရွိ ရေသာ္လည္း သမီးျဖစ္သူမွာ စိတ္ေပါ့သြပ္သူျဖစ္ေနသျဖင့္ မယံုၾကည္ဘဲေနခဲ့ပါသည္။

လအေတာ္အတန္ခန့္အၾကာတြင္ သမီးျဖစ္သူ၏ ရင္သားမ်ားႀကီးထြားလာသည္ကို မသကၤာသျဖင့္ ရွားခဲေက်းရြာမွ သားဖြားဆရာမ ေဒၚနန္႔စန္းၿမိဳင္(ၿငိမ္း)ထံသို႔ သြားေရာက္စစ္ေဆးရာ ကိုယ္၀န္(၅)လ ရွိေနၿပီျဖစ္ေၾကာင္း သိရွိရပါသည္။

မိခင္ ေဒၚေဌးၾကည္၏ တိုင္တန္းခ်က္အရအေထာင္နယ္ေျမရဲစခန္း အမႈဖြင့္ၿပီး ထြန္းသိန္းအား အမႈျဖင့္ ဖမ္းဆီးစစ္ေဆး ေဆာင္ရြက္လ်က္ရွိေၾကာင္း ဧရာ၀တီတုိင္း ရဲတပ္ဖဲြ ့၏ သတင္းထုတ္ျပန္ခ်က္အရ သိရပါသည္။

Credit Original Writer

Unicode

စိတ်မနှံ့သူ (၁၇)နှစ်အရွယ် သမီးဖြစ်သူမှာ ရင်သားများကြီးထွားလာသဖြင့် မိခင်ဖြစ်သူမှ မသင်္ကာ၍ မေးမြန်းရာမှ… See more

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်၊ အင်းတရော်ကျေးရွာအုပ်စု၊ ကွမ်းခြံကုန်း ကျေးရွာတွင် ၁၇နှစ်အရွယ် စိတ်မနှံ့သူ မိန်းကလေးငယ်အား အသက် ၅၆နှစ်အရွယ်ရှိ ယောက်ျားတဦးက အလိုမတူဘဲ သားမယားပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျုံပျော်မြို့နယ်၊ အင်းတရော်ကျေးရွာအုပ်စု၊ ကွမ်းခြံကုန်း ကျေးရွာနေ ဒေါ်ဌေးကြည်သည် နေအိမ်၌ရှိနေစဉ် သမီးဖြစ်သူ မကြည်ပြာစိုး (စိတ်ပေါ့သွပ်သူ) (၁၇)နှစ်သည်

၎င်းအား ထွန်းသိန်း(၅၆)နှစ်၊(ဘ)ဦးအစံ ၏ ငါးကန်ဘေးတောထဲသို့ ဟင်းရွက်ခူးသွားစဉ် ထွန်းသိန်းမှ ငါးကန်ဘေးတောထဲသို့ ဆွဲခေါ်သွားကာ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း၊

တစ်ပတ်ခန့်အကြာတွင် မကြည်ပြာစိုးသည် တစ်ရွာထဲနေ အဒေါ်ဖြစ်သူ ဒေါ်တင်ဝင်း၏နေအိမ်သို့ အလည်သွားစဉ် ပလ္လင်အမကကျောင်းအနီး အရောက်တွင် ထွန်းသိန်းမှ အ.မ.က ကျောင်း အနောက်ဘက်ရှိခြုံထဲသို့ဆွဲခေါ်သွားပြီး

သားမယားအဖြစ် ထပ်မံပြုကျင့်ခဲ့ကြောင်း ပြောပြသိရှိ ရသော်လည်း သမီးဖြစ်သူမှာ စိတ်ပေါ့သွပ်သူဖြစ်နေသဖြင့် မယုံကြည်ဘဲနေခဲ့ပါသည်။

လအတော်အတန်ခန့်အကြာတွင် သမီးဖြစ်သူ၏ ရင်သားများကြီးထွားလာသည်ကို မသင်္ကာသဖြင့် ရှားခဲကျေးရွာမှ သားဖွားဆရာမ ဒေါ်နန့်စန်းမြိုင်(ငြိမ်း)ထံသို့ သွားရောက်စစ်ဆေးရာ ကိုယ်ဝန်(၅)လ ရှိနေပြီဖြစ်ကြောင်း သိရှိရပါသည်။

မိခင် ဒေါ်ဌေးကြည်၏ တိုင်တန်းချက်အရအထောင်နယ်မြေရဲစခန်း အမှုဖွင့်ပြီး ထွန်းသိန်းအား အမှုဖြင့် ဖမ်းဆီးစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

Credit Original Writer

Be the first to comment

Leave a Reply

Your email address will not be published.


*